VERSE 1
ကမ္ဘာကြီးရဲ့ ငိုညည်းသံကို သတိပြုမိပါရင်
ဘာကြောင့်များဆိုတာကို သင်သာသိရင် နှစ်သိမ့်ပေးမလား
ကမ္ဘာကြီးဖျားနာအားနည်ပြီး ဖေးကူမစမယ့်သူတွေလိုနေတယ်
သင်သည်သာ သနားခဲ့ပါရင် ကူညီမစမှုကိုပေးမလား
VERSE 2
လူသားများတို့ရဲ့ တိုးတက်မှုနဲ့ စမ်းသပ်မှုတွေကြောင့်
ပျက်စီးလို့သာ ပူလောင်လာမှုတွေ စစ်မက်ဘေးဒဏ်တွေ
ဆုတောင်းပေးရုံလေးနဲ့တော့ ဒို့ကမ္ဘာကြီးရဲ့ ကျန်းမာပျော်ရွှင်စေဖို့
သင်ကိုယ်တိုင် ကူညီပေးလိုက်ပါရင် ကမ္ဘာကြီးလှပလာမယ်
CHORUS
အို ဟို ဟို သက်တံ့ရောင်စုံ
ပျောက်ဆုံးစေလောက်တဲ့ မီးတောက်အငွေ့များ
ခမ်းခြောက်သွားတဲ့မြစ်တွေ စမ်းချောင်းညည်းသံတွေ
ပြန်လည်ကာ ပျော်ရွှင်အေးမြစေရန် ပြုစုပါလေ
VERSE 3
ဖန်ဆင်းခြင်းရဲ့ အစအဦး၌ ဘုရားမြတ်ရဲ့ ဧဒင်
မြင်ကြည့်လိုက်ပါ ကိုယ်တိုင်ခံစားပါ အားလုံးပဲ သာယာ
သန့်ရှင်းသောလေညှင်းလေးနဲ့ ဥယျာဉ်ကြီးလှပကာ စိုပြေနေခြင်း
ကမ္ဘာမြေ ဒါကို ပြန်တွေးမိပါရင် သူဝမ်းနည်းနေမယ်
ENDING
ကမ္ဘာမြေ ဖျားနာနေတယ်