VERSE 1
အမှန်တရားလေးပါကွယ် အဖြေကို ရှာကြည့်မယ်
အတိတ်ရဲ့အရိပ်မှာ ဘဝတစ်လျှောက်ဆူးတွေရယ်
မကျေနပ်ချက်တွေများနဲ့
အန္တရာယ်တွေကို ရင်ဆိုင်စေသူ ဆူးရယ် ဆူးရယ်
VERSE 2
လှသော ပန်းငယ်တစ်ပွင့် ဝေဆာပွင့်လန်းရန်
ဆူးလေးများက ထိန်းသိမ်းလို့ ကာကွယ်ခဲ့
တကယ်တော့ ဘဝအတွက် ဆူးဟာ
ရောင်စုံဝေဖြာ တစ်ပွင့်ပန်း ပန်လာဖို့ရန် အဖြည့်ခံ
CHORUS
အဖြည့်ခံတဲ့ ဆူးတစ်ခက် အမုန်းကိုခံရလည်း
ပန်းတစ်ပွင့်ဖူးပွင့်ခဲ့ရင် ကျိုးပဲ့သွားလည်း မမှုပါ
အစွန့်ပယ်ခံဆဲအမြဲ ဘဝဟာ ဒီအတိုင်းပဲ
ဘဝတစ်ခုလှပဖို့ရန် ဒုက္ခဆူးများ ဘုရားရှင် ဖန်ဆင်းခဲ့တယ်
BRIDGE
ကျေးဇူးတော်ချီးမွမ်းမိပြီ ဘုရားရှင်
ဒုက္ခဟာ ဘဝအစစ်ဖြစ်သည်မို့
ခါးသီးခြင်းနောက်ကွယ် ချိုမြိန်မှုတွေ
ရရှိခံစား သိခဲ့ပြီလေ