တေးရေး – သောမတ်(စ်)
သွားမယ်ဆို ရွှေလင်းယုန်အားနဲ့ ကောင်းကင်ရည်ရွယ်ချက်
တိုက်မယ်ဆို ခြင်္သေ့စိတ်ထားနဲ့ ကျွန်တော်အဖေမာနခဲ
ကျွန်တော့်ခြေလှမ်းတွေ တည့်မတ်သွားအောင်
ကျွန်တော့်အနာဂတ်တွေ ဖန်ဆင်းပေးခဲ့
အဖေ အို တည်ဆောက်ခဲ့တဲ့ အဖေ အို ကျွန်တော် အလေးပြုပါတယ်
လောကီဘုံမှ ဖြောင့်မတ်ခြင်းနဲ့ အသက်ရှင်နေထိုင်စဉ်
ကောင်းကင်ဘုံကို ရောက်အောင်သွားမယ့် ကျွန်တော့်အဖေ ယုံကြည်ချက်
အဖေ့ရဲ့သွေးတွေ ကျွန်တော့်ကိုယ်ထဲမှ စီးဝင်မျောနေ သူရဲကောင်းစိတ်တွေ
အို အမွေပေးလက်ဆင့်ေ၀ အို ကျွန်တော် အလေးပြုပါတယ်
မလိမ္မာတာတွေ မသိမိုက်မှုတွေ အကျင့်ပျက်မှုတွေကို
လိမ္မာလာအောင် ဆုံးမ ပဲ့ပြင်ခဲ့
မြင့်မြတ်တဲ့ ကျင့်ဝတ် သိက္ခာများကို
လူမှန်ရင် လူလို ခံယူဖို့ သွန်သင်ရင်း
ကိုယ့်အိမ် ကိုယ့်မြေခြံဝင်း ပြုပြင် အသစ်တည်ဆောက်ခြင်း
ရပ်တည် ဦးဆောင်နေတဲ့ အဖေ
သားတွေ သမီးတွေချီရင်း ပေးဝေ ကောင်းကင်ချစ်ခြင်း
ကောင်းကင်ခရီးကိုညွှန်ဆဲ အဖေ