တေးရေး – သောမတ်(စ်)
အရိပ်တွေမဲ့သော လမ်းသို့လျှောက်ကာ နားခိုရာ အရိပ်မဲ့သူများစွာ
အဆုံးရယ်မရှိသော ဒီခရီးလမ်းတလျှောက်မှာ နွမ်းနယ်ပင်ပန်းကာ
စမ်းရေကြည်တစ်ပေါက်တမ်းတသောအခါ မှန်းမျှော်သူတို့ အလှမ်းကဝေးကွာ
ဘယ်ဆီဘယ်ကို ခရီးဆက်ကြမှာလဲ
စမ်းရေခမ်းဆဲ နစ်မွန်းတဲ့ဘဝထဲ အရိပ်ကိုမျှော်ကိုး နားစရာဘယ်သို့
အားအင်နွမ်းလည်း လှုပ်ရှားရုန်းကန်ဆဲ ဖြစ်ချင်များလို့ မျှော်လင့်ချက်ဆိတ်သုန်း
အမြဲပင် ထာဝရဘုရားရဲ့အရိပ်မှာ တိုးဝင်ခံစား တရွေ့ရွေ့နဲ့သာ
နေဝင်ချိန်ကို ဦးတိုက်တွေ့ကြုံလာ
အရိပ်တွေမဲ့သော လမ်းခရီးထဲမှာ နားခိုရာအရိပ်မဲ့သူ မသက်သာ
နွမ်းနယ်ကို လက်ကမ်းလှမ်းလင့်ရှာ ခရစ်တော်ရှင်ဘုရားသာ
အခမဲ့ ထာဝရ စီးစိမ့်ထွက်လာ အသက်ရေကြည့်တစ်ပေါက် သုံးသောက်ဖူးမှ
ပူလောင်တာတွေ ငြိမ်းအေးရသည်သာ
စမ်းရေခမ်းလည်း ဆာငတ်မှုပြေခဲ့ အရိပ်တွေပျောက်ဆုံး နေမွန်းတည့်နိဂုံး
အားအင်ခမ်းလည်း ခွန်အားပြည့်နေမြဲ ခရစ်တော်ပေးတဲ့ ထာဝရအသက်ရေကို
သုံးသူတွေအတွက်အရိပ်မဲ့ခရီးမှာ ဆုံးပြီဆိုတဲ့ အကြောင်းတရားဝေးကွာ
နေဝင်ချိန်တွေ ဝေးသထက် ဝေးမည်သာ