တေးရေး – သောမတ်(စ်)
လည်တိုင်မှာ မြတ်နိုးဆွဲထားလို့ နားမှာ အလှဆင် ချိတ်ဆွဲလို့ ပန်ဆင်
ဒါဟာ ဖက်ရှင်ဒီဇိုင်းအသစ်တစ်ခုတဲ့လား
ခန္ဓာကိုယ်မှ ရေးဆွဲ ကမ္ဗည်းတင် ဆေးမှင်ကြားမှာ အမှတ်တရပါဝင်
ကမ္ဘာကျော်ဖက်ရှင်ကြားက မရိုးတဲ့အသွင်
သူသူငါငါ အမှတ်တရပေးဖို့ လက်ဆောင်ထဲမှာ သူလည်းပဲပါဝင်
ကိုယ်ကိုယ်တိုင် ဘာမှန်းမသိ အဓိပ္ပါယ်များ
အပယ်ခံမြေမှာ အမှတ်တရအဖြစ်နဲ့ စိုက်ထူကားတိုင်သင်္ချိုင်းဖက်ရှင်
ကမ္ဘာတည်နေသရွေ့ ဒီဇိုင်းဟာ အမြဲသစ်လွင်
မြင့်မြတ်ခြင်းလား ယုတ်ညံ့ခြင်းလား အဓိပ္ပါယ်ဖော်ရင် အရင်းအမြစ်အစကို
အတိအကျသိအောင် စူးစမ်းကြည့်ပါလား
ဝမ်းနည်းခြင်းလား ဝမ်းမြောက်ခြင်းလား အဓိပ္ပါယ်အဖြေမှန်ရှိတဲ့အကြောင်းစုံ
စူးစမ်းကြည့်ကွယ် အတိအကျသိနိုင်ဖို့
အဖြေရှာကြည့်ကွယ် မြင်လာလိမ့်မယ် တိုင်တော်အဓိပ္ပါယ်
ခန္ဓာကိုယ်ကို ရိုက်နှက်ထားလို့ သွေးစက်များ ယိုစီးကျတသွင်သွင်
သေအောင် သေစေ အညှိုးနဲ့ စွဲချက်များ
ကယ်တင်ရှင် ယေရှုရဲ့မေတ္တာ ကားတိုင်ထက်မျှော်ကြည့်လို့ ဆင်ခြင်
ဒါဟာ ကယ်တင်ခြင်းရဲ့ မရိုးတဲ့အသွင်
မြင့်မြတ်ခြင်းလား ယုတ်ညံ့ခြင်းလား ကားတိုင်ဆိုတာ ဒုစရိုက်သားကို
ဆွဲလို့ ချိတ်တင် စတေးဖို့ စိုက်ထူလို့
ဝမ်းနည်းခြင်းလား ဝမ်းမြောက်ခြင်းလား အမင်္ဂလာရဲ့အမှတ်တံဆပ်တစ်ခုကို
သတ်မှတ်ချက်တွေ အတိတ်က ရှိနေလို့
အဖြေရှာကြည့်ကွယ် မြင်လာလိမ့်မယ် တိုင်တော်အဓိပ္ပါယ်