တေးရေး – သောမတ်(စ်)
အပြာရောင်မိုးသေားအောက်က လောကပိုင်ဆိုင်သော လောကစည်းစိမ်များ
ဒါတွေကို အရေးမထားကျောခိုင်းလို့ ပူလောင်သော အရိပ်မဲ့ခရောင်းလမ်းသို့
ရည်ရွယ်ရာ ရှေ့သို့ တစ်လှမ်းချင်းတိုး နှင်လေသော ဖဝါးနုနုခရီးရှည်
ခြေလှမ်းတွေ အို အဆုံးသတ်ထိတိုင်
ဝေဒနာဆိုးများထိုးနှက်ဒုက္ခ နူနာစွဲ လောကသားတွေကြား
ရွံ့ရှာဖွယ် ပုပ်ပျက် အနံ့အသက်များ ရင်ဆိုင်ရင်း သွေးရင်းသားရင်းအလား
ဘယ်ဆီမှာ မိဘမရှိတဲ့ကလေးများ မှီခို အားထားခဲ့ရမေတ္တာ
ဝေမျှနေ ငါတို့ရဲ့ မိခင်
မာသာထရီဇာ လုံခြုံရာမဲ့/တွယ်ရာမဲ့ သားသမီးတို့ရဲ့ အမေ
မာသာထရီဇာ အပယ်ခံတို့ဘက်က ရပ်တည်လို့
မာသာထရီဇာ ဒီကမ္ဘာကြီးထဲက မြင့်မြတ်သူ
သိသူများထဲက သိသင့်တစ်ပါး / မိခင်များထဲက မိခင်တစ်ပါး
မတူညီတဲ့ ဇာတ်အနိမ့်အမြင့်ခွဲခြား ရေမြေခြား တိုင်းတစ်ပါးအမျိုးအနွယ်ကြား
စေသူငါ နှလုံးသားအရင်းပြုလို့ ကယ်သူမဲ့အရှုံးသမားတို့ ဝမ်းမြောက်ဖို့
အကြင်နာလက်ရဲ့ အယုအယတို့ ရင်ကို ငြိမ်းအေးတဲ့စကားလေးတွေ
သူအပြုံးတွေ အို အဆုံးသတ်ထိတိုင်
ကမ္ဘာလူသားတို့ ချီးမွမ်းကြ မာသာရဲ့ အကျိုးပြုကောင်းသတင်းများ
ကယ်တင်လို သူ့ရဲ့ အသဲနှလုံးမို့ နိုဗယ်လ်ဆု ဝိုင်းဝန်းချီးမြှင့်လို့
ဘာသာစုံဂိုဏ်းဂဏအသီးသီးတို့ ဂုဏ်ယူလိုက်လျှောက်ဖို့ လမ်းကြောင်းတွေ
ချန်ရစ်နေ ငါ့တို့ရဲ့ မိခင်
ငါတို့အမေ နှလုံးသားလှတဲ့အမေ ငါတို့အမေ ဘုရားကချစ်တဲ့အမေ
ငါတို့အမေ ထာဝရဘုံဗိမာန်သို့ ပြန်သွားပြီ