နားရှိသောသူကြားပါစေ – ဂရေဟမ်

Audio Player

Record Tracklist

  1. နားရှိသောသူကြားပါစေ – ဂရေဟမ် -:-- / 4:43

တေးရေး – သောမတ်(စ်)

ငြိမ်သက်မှုတွေ ကွယ်ပျောက်လုပြီ လောကကြီးအတွင်းမှာ
ငြိမ်းချမ်းမှုတွေ စုတေ့ခဲ့သည့်အလား
စစ်မက်တွေနဲ့ ငတ်မွတ်ခြင်းတွေ တစ်နေ့ထက်တစ်နေ့ ပိုများ
ကပ်ဆိုးရောဂါဖြစ်ခြင်း သတင်းတွေ တစ်နေ့တစ်ခြား ပိုများလေ

လူသားတိုင်းကို အစဉ်ခြိမ်းခြောက်နေ သိပ္ပံလက်နက်တွေ
နောက်ဆုံးသောအချိန် ရောက်လုနီးပြီ ဟေ့
လောဘဆိုတဲ့ တရားသဘောအမိုက်မှောင် ဖုံးလွှမ်းထားလေတော့
အမှန်တရားမီးအိမ် ဆီခမ်းလုလေ အရောင်မှေးမှိန်ခဲ့ပြီ

သင်္ဘောသဖန်းပင် ရွက်နုအခက်ေ၀ ချိန်းချက်အချိန်ရယ် နီးပြီလေ
သခင်ပြန်လာမည် ယုံကြည်သူတို့ဆီ
ငြိမ်းချမ်းမှု ထာဝရအသက်ဆုကို ရရှိလိုသူအတွက် လာမည်
ချီဆောင်လေမည် ပြင်ဆင်ရာအရပ်ဆီ

မြေကြီးကောင်းကင်မတည်လည်း နှုတ်တော်ထွက်သူ့စကားတို့သည်
အားလုံး ပြည့်စုံလုလို့ နီးပြီ ဟေ့
နားရှိသူသည် ကြားတတ်ခဲ့ရင် မနှေးအပြေးလှမ်းလာခဲ့
နောက်ဆုံးသောအချိန်မရောက်သေး မိတ်ဆွေ လာဖို့အချိန်ရှိနေ

နောက်ဆုံးသောအချိန်ရောက်လုနီးပြီဟေ့
နားရှိခဲ့လို့ ကြားတတ်ခဲ့ရင်လေ
နှုတ်ကပတ်တော်လမ်းအတိုင်း လိုက်လာဟေ့