ဝိညာဉ်လူအတွက် – လေးလေးဝါး

Record Tracklist

  1. ဝိညာဉ်လူအတွက် – လေးလေးဝါး -:-- / 4:31

တေးရေး-သောမတ်(စ်)

ဘယ်ဘုံ ဘယ်ကမ္ဘာ ဘယ်နေရာမှာ မရှိခဲ့
ဘယ်ပန်းချီယှဉ်မမှီ ဘယ်သူအံတုမလဲ
လောကထဲ ကောင်းကင်ဘုံကြီးတစ်ခု တည်ရှိခဲ့ပါတယ်
ဘယ်သူဖန်ဆင်းခဲ့ လက်ရာလဲ

စိုပြေဝေဆာ ဒီကမ္ဘာမြေကြီးလည်း
မသာယာနိုင်ပါ ဒဏ်ရာဒဏ်ချက်နဲ့
လောကထဲ ကောင်းကင်ဘုံကြီးတစ်ခု ပျောက်ဆုံးခဲ့ပါတယ်
ဘယ်လိုလူ ပယောဂလက်ချက်လဲ

လောကထဲ ကောင်းကင်ဘုံကြီးတစ်ခု တည်ရှိခဲ့ရင်
ကမ္ဘာမြေဟာ အပြစ်မဲ့လှပါတယ်
အထူးသိတဲ့ ဝိညာဉ်ထည့်သွင်းလို့ ဖန်ဆင်းထားခဲ့
လူဆိုတာ ကမ္ဘာမှာ အမြတ်ဆုံးမို့

ရန်လိုသူကို ရန်ပြန်မတုန့်နှင်းရ
ရန်သူကိုတောင် ညီအစ်ကိုလို ချစ်ကြ
မြင့်မြတ်တဲ့ ဘုရားသခင် လူသားတိုင်းကိုပြောခဲ့ပါတယ်
အဖြေရှာ လူသားချင်း အမျိုးတွေပဲ

နှလုံးသားထဲ ကောင်းကင်ဘုံကြီးတစ်ခု တည်ရှိခဲ့ပါရင်
ကမ္ဘာမြေဟာ အပြစ်မဲ့လှပါမယ်
ကမ္ဘာမြေဟာ အပြစ်မဲ့လှပါမယ်