တေးရေး-အငဲ+လေးဖြူ
VERSE 1
အရုဏ်ဦးနေ့ ကြည်လင်လန်းဆန်းလှပ စိတ်ကြည်နူးစေမှာ
မြင်ခဲ့ရတဲ့ နောက်ဆုံးငါ့မနက်ခင်းတောင် ငါမမှတ်မိတော့ပါ
VERSE 2
နေဝင်သွားပြန်ပြီ ပျော်သလိုမအိပ်တဲ့ညများ အမြဲ သန်းခေါင်ကျော်သွားခဲ့
တစ်ခုခုလုပ်ဖို့ကျတော့ နေ့ရွှေ့ညရွှေ့နဲ့ အရာရာဟာ တစ်ပိုင်းတစ်စ
PRE-CHO
လွယ်လွယ်တွေးပြီး ဖြစ်သလိုနေခဲ့တော့
နေသလိုသာ ဖြစ်ခဲ့ပြီ
အရှိန်အဟုန်နဲ့ လူတွေအပြေးအလွှားနဲ့ကြားမှာ/နောက်မှာ
ငါဟာ/သာ ကျန်ရစ်ခဲ့ပြီ
CHORUS
ဘဝရင်းကာ ငါသိလိုက်တာ
အခုအချိန်တိုင်းဟာ/မှာ တန်ဖိုးရှိတယ် ယုံကြည်ပါ
အိပ်မက်တွေများစွာ အို မင်းရှေ့မှာ
ပြန်မရနိုင်ဘူးကွာ ကုန်လွန်သွားတဲ့ မင်းရဲ့အချိန်
ရွှေငွေများနဲ့ မင်းပြန်လဲလို့ မယူနိုင်တာ/မရနိုင်တာ