VERSE 1
တွေဝေမနေနဲ့တော့ အငိုတွေ အဆုံးသတ်လိုက် ဒီဇာတ်လမ်းက ပြီးဆုံးခဲ့ပြီ
အတိတ်ရဲ့အရိပ်တွေ ပြန်ဖော်နေလို့လည်း အပိုတွေပါပဲ မထူးခြားတော့ပြီ
မနာလို မုန်းတီးခြင်းအကြောင်းတရားတွေ အကြင်နာမိုး ဆေးကြောခဲ့ပြီမို့
ပြုံးလိုက်တော့လေ
VERSE 2
ငိုသံတွေအဆုံးသတ် ဝေဟင်ကိုမော့ကြည့်လိုက် မရေရာညတွေ ပြီးဆုံးခဲ့ပြီ
နေ့သစ်အလင်းရောင် အမှောင်ကိုဖြိုခွင်းပြီး ရှင်သန်အနာဂတ်လမ်းမထက်ဆီ
နာကျင်ဝမ်းနည်းမှု အမုန်းတရားတွေ မလိုတော့ဘူး ကျောခိုင်းလိုက်ပါတော့
မေ့လိုက်တော့လေ
CHORUS
လိုနေသူများ ဖေးကူရင်း ဝေဒနာခံစား မျှဝေရင်း
မှုန်ဝါး လမိုက်ညတွေ အလင်းလေးတစ်စက်ဖြစ်ပါစေ
မရေရာသူများရဲ့အနာဂတ် စာနာစိတ်လေးမျှဝေရင်း
မကြောက်စတမ်း အလင်းရဲ့ကမ်းဆီ လာပါအတူလျှောက်လှမ်းမယ်
BRIDGE
အားလုံးပြီးဆုံးခဲ့လေပြီ အေးမြလွန်းတဲ့ စမ်းရေကြည်
မြစ်တစ်စင်းထက်က သက်သေတည် ရင်ခုန်ခြင်း အပြာရောင်မြစ်တစ်စင်း