ဘဝလှေငယ် မုန်တိုင်းဒဏ်တွေကြားမှာ လူးလွင့်ရင်းလာခဲ့
ကိုယ်တစ်ယောက်တည်း အဖော်မဲ့စွာ ကျန်ခဲ့ချိန် အားတွေနည်းလာတော့
သောင်ယံနဲ့ ကမ်းပါးလေးဟာ အဝေးကြီးဝေးနေဆဲ
ခိုလှုံစရာ ကင်းမဲ့ခဲ့ပြီပေါ့
VERSE 2
ညအလယ်မှာ မှောင်မိုက်ဟာ အတိဖုံးပြီ ယမ်းမျှော်ရင်းလာခဲ့
ရွက်လွင့်ဆဲ ခိုကိုးစရာရှာရင်းနဲ့ အလင်းတွေပေးပါတော့
ကယ်တင်မယ့် အပေါင်းအသင်းများဆီ လှမ်းလို့ကြည့်နေတုန်း
အနီးနားက တဖြည်းဖြည်းဝေးကွာ အဝေးဆုံး ဝေးပြီလား
CHORUS
ဝမ်းနည်းခြင်း လှိုင်းလုံးတွေ ကြုံရလို့ ခိုလှုံစရာ ကင်းမဲ့သွားတဲ့အချိန်
သင့် ဝန်တာတွေ လေးရင်
လမ်းပြပေးမယ့် အဖ ရှင်ယေရှုနဲ့ ယုံကြည်စွာ လှမ်းလျှောက်ကြည့်လိုက်ပါ
ဘ၀ ပင်လယ်မုန်တိုင်း ကြောက်စရာမလိုဘူး သူရှိနေတယ်