ငါ၏သိုးထိန်း- ခင်ခင်မိုး

Record Tracklist

  1. ငါ၏သိုးထိန်း- ခင်ခင်မိုး -:-- / 3:45

VERSE 1
မုန်တိုင်းကြမ်းတဲ့ဘ၀ ပင်လယ်ပြင်မှာ သင်္ဘောနစ်ခဲ့စဉ်
သောင်ကမ်းမှန်းဆရ အလှမ်းက ကွာနေလည်း
မရဏာကို အံတုပြီး ယုံကြည်စွာ ကူးခတ်ခြင်းသည်
ထာဝရဘုရားသည် ငါ၏ သိုးထိန်းဖြစ်တော်မူ၏

VERSE 2
မှောင်မိုက်ညနက် သန်းခေါင်ယံချိန်မှာ လမ်းများပျောက်ခဲ့စဉ်
ဘယ်သို့ရှေ့ဆက်ရ လမိုက်နေသော်လည်း
ရောင်နီကို မျှော်လင့်ပြီး ယုံကြည်စွာ ခရီးဆက်ခြင်းသည်
ထာဝရဘုရားသည် ငါ၏သိုးထိန်း ဖြစ်တော်မူ၏

CHORUS
သေမင်း၏ အရိပ်လွမ်းမိုးသောချိုင့်ထဲ တစ်ယောက်တည်းလျှောက်ခဲ့စဉ်
သေမင်းရဲ့ ခြိမ်းခြောက်မှုတွေ ငါမကြောက်ဘူး
မျှော်လင့်ချက်ရှိတဲ့ အသက်ဝိညာဉ်အတွက် ပျက်စီးခြင်းကင်းမည်
ငါ၏အရှင်သည် သိုးထိန်းဖြစ်တော်မူ၏

VERSE 3
စုံစမ်းခြင်းတောတွင်းမှာ ရင်ဆိုင်စရာ သားရဲနဲ့တွေ့ရင်
မျှော်လင့်ချက်ထွက်ပေါက် ပိတ်ဆို့နေသော်လည်း
အန္တရာယ်တွေကြုံပါစေ ရင်ဆိုင်ရှေ့တိုးရဲခြင်းသည်
ထာဝရဘုရားသည် ငါ၏ သိုးထိန်းဖြစ်တော်မူ၏