VERSE 1
သတို့သမီးတစ်ကျိပ်ပုံပမာ ငါးယောက်သောသူမှာ
ဗူး၌အပြည့် ဆီမီးခွက် ပြည့်လို့ အသင့်ပြင်ရင်း
အချိန်မတန်လို့ စောင့်ရင်းသာ ငိုက်မြည်းအိပ်ပျော်နေကြစဉ်တွင်
သန်းခေါင်ညယံ ထပြီးကြည့်လိုက်ပါ
ထိုလုလင် ပွဲကျင်းပရန် ရောက်ရှိလို့လာရင်း
VERSE 2
သတို့သမီးတစ်ကျိပ်ပုံပမာ ငါးယောက်သောသူမှာ
ဗူး၌ မပြည့် ဆီမီးခွက် မိုက်မဲကြီးစွာဖြင့်
အချိန်မတန်လို့ စောင့်ရင်းသာ ငိုက်လို့အိပ်ပျော်နေကြစဉ်တွင်
သန်းခေါင်ညယံ ထပြီးကြည့်လိုက်ပါ
ထိုလုလင် ပွဲကျင်းပရန် ရောက်ရှိလို့လာရင်း
CHORUS
သတိရှိသောသူများ မီးခွက်ညှိကာ ထွန်းလို့
ပွဲဝင်ကြစဉ်မှာပင် တံခါးကြီးပိတ်ကာထားခဲ့
မိုက်မဲသောသူများ မီးခွက်အတွက် ဆီငှုားကာ
အပြင်မှာ ချန်ကာထားလို့ ငါသည် သင်တို့ကိုမသိ
VERSE 3
နေ့ရက်မသိနိုင်ပါ စက္ကန့်မမှန်းနိုင်ပါ
အမြဲတမ်း ဝိညာဉ်မီးခွက် အသင့်ရှိကာထား
အချိန်မတန်လို့ သတိမေ့စွာ ရစ်မျောမူးဝေနေကြစဉ်တွင်
ထိုနေ့သည် သင့်ရှေ့ရောက်ခဲ့ပြီ
သခင်ခရစ်တော် ဒုတိယအကြိမ် ဆင်းလို့ ကြွလာရင်