ကူညီမည့်သူ – လေးလေးဝါး

Record Tracklist

  1. ကူညီမည့်သူ – လေးလေးဝါး -:-- / 4:04

VERSE 1
လေးလံတဲ့ ဝန်ထုပ်များ ထမ်းရွက်နေသလား
တာဝန်ယူကား ထမ်မယ့်သူရှိတယ်
အချိန်အခါမရွေး ဘယ်လောက်ပဲလေးပါစေ
ကူညီကာ ဝန်ထမ်းမယ့်သူ ရှိတယ်

စိတ်ညစ်စရာတွေ အမျိုးမျိုးတွေ့ကြုံနေသလား
ကူညီကာ ဖြေရှင်းမယ့်သူရှိတယ်
နေရာမရွေး အတိုင်းအဆကြီးပါစေ
အဆင်ပြေအောင် ကူညီမယ့်သူ ရှိတယ်

အားကိုးကြည့်စမ်းပါ ယေရှုကို
ပေးအပ်လိုက်စမ်းပါ ဝန်ထုပ်များကို
အရာရာမှာလေ အားကိုးဖို့ အဖော်မွန်ပါ
စိတ်အားငယ်နေတဲ့ အခိုက်အတန့်မှာ
ပြဿနာတွေ တွေ့တဲ့အခိုက် ကူညီသူ
လေးသော ဝန်ကို ထမ်းသွားပေးတယ်
စိတ်ပင်ပန်းသူ ငြိမ်သက်ခြင်း ချမ်းသာ အမှန်ပေး
ထိုသခင်ယေရှုကို အချိန်အခါတိုင်း နာရီတိုင်းမှာ အားကိုးပါ