နားလည်ပါ – လေးလေးဝါး

Record Tracklist

  1. နားလည်ပါ – လေးလေးဝါး -:-- / 4:19

တကယ်ဆိုရင် လူ့ဘဝဆိုတာ အခိုးအငွေ့ပါ
မတည်တံ့တဲ့ ခန္ဓာ ခဏသာ
မြေသို့မခတဲ့အချိန်လေး ခေတ္တအသက်ရှင်တုန်း
ကိုယ်တော်ဘုရားကို အမှန်တကယ် သိပြီလား
ဘယ်လိုအချိန်မှာ ဘာဖြစ်သွားမယ် မသိကြတဲ့ လူသားများ
လူ့ဘဝရဲ့ တန်ဖိုး နားလည်ပါ
ကိုယ်တော်ကတော့ လူသားများအား တန်ဖိုးထားတယ်

ဒီကမ္ဘာလောကရဲ့အလယ်ထဲမှာ ပျော်ပါးသွားလာခြင်းမှာ
အမှတ်တမဲ့ မြေပေါ် ကြွေသွားတဲ့ပန်းလို အကျိုးမရှိရင်
ဖန်ဆင်းတဲ့သခင်ဟာလေ ဝမ်းနည်းမိမှာပဲ
အချိန်အခါရှိတုန်း စဉ်းစားစေချင်တယ်
အသက်စာရင်းစာစောင်မှာလည်း နာမည်ပါဖို့လိုတယ်
နိုင်ငံတော်မှာ အဆွေဘဏ္ဍာလည်း လိုတယ်