ဘဝရဲ့ ခရီးကြမ်းတမ်းနေတယ်
ရေစုန်မျောရွက်လွင့်လို့နေဆဲ
အပြစ်နွံထဲ လျှောက်လှမ်းနေတယ်
တွယ်ရာမဲ့ ဘဝရဲ့ ခရီးစဉ်ထဲ
အရိပ်မဲ့သူအတွက် အရိပ်ပေးနေတယ်
အားကိုးလို့ တောင်းလျှောက်ခွင့်ပန်ရင်
အားနည်းသူအတွက် အားပေးနေတယ်
နှိမ့်ချတဲ့စိတ်နဲ့ ချဉ်းကပ်လက်ခံပါ
ကိုယ်တော်သာ အပြစ်ဖြေလွှတ်မယ့်အရှင်
အားကိုးလျက် လုံး၀ အပ်နှံပါ
ယုံကြည်စွာ နှလုံးသား ပုံအပ်လှည့်ပါ
အသက်တာထဲ ထူးခြားမှုရှိလာမှာ
ဝန်လေးတဲ့သူအတွက် ချမ်းသာပေးနေတယ်
တကယ် ဝန်ချ ဒူးထောက်တောင်းပန်ရင်
အပြစ်သားတွေအတွက် အသက်ကို စတေးရှာတယ်
ကရာနီထက် လက်ဝါးကားတိုင်ထက်