စဉ်းစားတွေးကြည့်ဦး- Kham Sisters

Record Tracklist

  1. စဉ်းစားတွေးကြည့်ဦး- Kham Sisters -:-- / 4:11

လူမျိုးစွဲများ ဒေသစွဲများ ရှိနေရင်တော့ကွာ
ပြန်စဉ်းစားဦး တကယ်တွေးကြည့်ဦး ဒို့ အတူတူပဲနော်
ခွဲခြားလို့မရပါ တစ်အူတုံစင်းတွေ
ကိုယ်တော်ရှင်ရဲ့ သားသမီးချင်းတွေပဲ

ဝါဒစွဲများ ဂိုဏ်းဂနစွဲများ ရှိနေရင်တော့လေ
ပြန်စဉ်းစားဦး တကယ်တွေးကြည့်ဦး ဒို့ အတူတူပဲနော်
ခွဲခြားဖို့ မဟုတ်ပါ ခန္ဓာတစ်ခုတည်းပါ
ကိုယ်တော်ရှင်၌ တစ်လုံးတစ်၀ ဖြစ်စေပါ

စည်းလုံးခြင်းဟာ အင်အားပဲပေါ့
ကွဲပြားခွဲခြားခြင်းဟာ ဆုံးရှုံးခြင်း
သာသနာတော် တိုးတက် ကျယ်ပြန့်ဖို့ရန်
ညီညာလက်တွဲ ဆက်ကပ် အမှုဆောင်မယ်

ကြွယ်ဝခြင်းများ ဆင်းရဲခြင်းများ ခွဲနေရင်တော့ကွာ
ပြန်စဉ်းစားဦး တကယ်တွေးကြည့်ဦး ဒို့ အတူတူပဲနော်
ခွဲခြားလို့မရပါ ညီအစ်ကို မောင်နှမတွေ
ကြင်နာစိတ်ထား ပေးမျှကြမယ်လေ