တေးရေး-ရှင်းရာချမ်း
VERSE 1
အမှောင်ကမ္ဘာလမ်းမှာ မှားယွင်းတဲ့အသိတွေနဲ့
အတ္တတစ်ခုတည်းနားလည် မိုက်မဲနေသူ
ဘဝအဓိပ္ပါယ် ခံယူခြင်း ကိုယ်တော်နဲ့ဝေးလို့နေတယ်
ဘာကြောင့် အပြစ်တရားတွေ ခင်တွယ်
VERSE 2
သမ္မာတရားကို လိုက်လျှောက်ဖို့ အဓိပ္ပါယ်လွဲ
အမှားများစွာထဲ အိပ်ပျော် ဒီအတိုင်းပါပဲ
သခင့်မေတ္တာ အို ရင်မှာ ကိုယ်တိုင်ခံစားသိလာတယ်
သခင်ရဲ့ဂတိစကားကို မြင်ယောင်ဆဲ
CHORUS
ကိုယ်တော်နဲ့နီးနီးမှာ နေနေချင်တယ်
သခင့်အလို လိုက်လျှောက်ကာနေမယ်
ကိုယ်တော်နဲ့နီးနီးလေးမှာ အမြဲနေနေချင်တယ်