VERSE 1
သွားမယ် သွားမယ် သွားမယ် လာကြ
မှည့်ကာဝင်းနေ လယ်ကွင်းများစွာ
အတူရိတ်သိမ်းဖို့ ဝိညာဉ်လေးများ
နိုင်ငံတော် ကျယ်ပြန့်ရစေသား
ယုံကြည်ခြင်းတွေကို မြဲမြဲကိုင်ထား
အောင်မြင်ရမယ် ပန်းတိုင်
VERSE 2
သွားမယ် သွားမယ် သွားမယ် လာကြ
တောတောင် ဆူးတွေ ကျော်ဖြတ်သွားမှာ
စာတန်အနှောက်အယှက်တွေ့ရင်လည်းကွယ်
ရင်ဆိုင်နိုင်တယ် ဒို့ရဲ့ခွန်အား
ယုံကြည်ခြင်းတွေနဲ့ အမြဲသစ္စာထား
ကိုယ်တော်ရှေ့မှာ ရှိတယ်
CHORUS
ရင်ဆိုင်သွား ရှေ့ဆက်လို့သွား
ကယ်တင်မယ့် ပျောက်ဆုံးတဲ့ဝိညာဉ်
ယုံကြည်ခြင်း အလံကို စွဲကိုင်
လာအတူသွားမယ် ဒီကားတိုင်လမ်း
VERSE 3
သွားမယ် သွားမယ် သွားမယ် လာကြ
ဘုရားရှင်အကြောင်းကို လူတိုင်းသိအောင်
အရာရာစွန့်လွှတ် ဆက်ကပ်ရင်းကွယ်
နိုင်ငံတော်ကျယ်ပြန့်ဖို့ ဒို့များ
စာတန်ဆိုးတွေကို တိုက်ခိုက်ကျော်လွှား
ကယ်တင်ခြင်းကို ဖြန့်ဝေ/ကယ်တင်ခြင်းတွေရစေ