သခင့်သမီးပျို – ပိုးဒါလီသိန်းတန်

Audio Player

Record Tracklist

  1. သခင့်သမီးပျို – ပိုးဒါလီသိန်းတန် -:-- / 4:13

VERSE 1
ပေးဆပ်ခြင်းနဲ့ ဘဝရဲ့ တွန်းလှန်တိုက်ပွဲထဲ
ရည်ရွယ်ချက်နဲ့ အသက်ဆက် ရုန်းကန်သူတွေထဲ
ပေးဆပ်ခြင်းရဲ့အသိနဲ့ အသက်ရှင်သူလေးမို့
အသင်ရည်မှန်းချက်တစ်နေ့အမှန်ရောက်မယ်
အောင်မြင်ခြင်းရဲ့ပန်းတိုင်ပဲ

VERSE 2
ကြိုးစားရင်းနဲ့ ဘဝရဲ့ ပြဿနာအခက်အခဲတိုင်း
ရင်ဆိုင်ရတဲ့ အခိုက်အတန့် နွမ်းနယ်နေသော်လည်း
အပြုံးမပြတ် ခရီးဆက် ရှိတဲ့ဝိညာဉ်ခွန်အားနဲ့
အောင်မြင်ခြင်းအတွက် ဖြတ်ကျော်ခဲ့သူ
ယေဇူးဘုရားရဲ့ သမီးငယ်ငယ်

CHORUS
ပန်းခင်းတဲ့လမ်း ကျောခိုင်းထွက်ခွါ စွဲလန်းမှုလေးတွေ
စွန့်လွှတ်ချိန်မှာ မတူညီခြင်းများ ဟိုအရင်ဘဝနဲ့တော့ တခြားစီ
သာယာမှုရဲ့ ရေစုန်ခရီးမှ သင်သည် ထွက်ခွါခဲ့ခြင်းက
ပေးဆပ်ခြင်းဘဝရဲ့အမှန်တရား သိမြင်ခဲ့ခြင်းပဲ

VERSE 3
လမ်းကျဉ်းလေးမို့ ဆူးနဲ့ခလုတ်တွေ ကြုံတွေ့မယ်
ယုံကြည်ခြင်းနဲ့ ခရီးဆက် ခရစ်တော်ရှင်ရဲ့ သမီးငယ်
အဖရဲ့ချစ်တဲ့ သမီးမို့ ပြဿနာအခက်အခဲတိုင်း
အောင်မြင်ခွင့်တို့ အသက်တာခရီးမှာ
ကိုယ်တော်ပေးလျက် ပေးနေဆဲ

VERSE 4
ကြိုးစားထားပေါ့ သမီးရယ် ရှေ့မှာ မျှော်လင့်ချက်
ရောင်နီဦးရဲ့ အလင်းနေမင်းကို ကြိုနေဆဲမို့
အားတင်းထားပေါ့ သမီးရယ် မင်းတကယ်မျှော်လင့်တဲ့
အောင်မြင်ခြင်းရဲ့ပန်းတိုင် ရှေ့မှာ
ကြိုနေဆဲမို့ အားမငယ်နဲ့

CHORUS
လမ်းကျဉ်းရယ်မို့ ပန်းခင်းလမ်းတွေ လျှောက်ခဲ့ချိန်မျိုးလို
အစစအဆင်မပြေ မညီညာ ချိုင့်ခွက် ရင်ဆိုင်ရမယ့် ဆူးခက်တွေ
ဒါပေမယ့် အောင်မြင်ခြင်းနဲ့ စုံလင်ခြင်း ရွှေပြည်နန်းကို
တစ်နေ့မှာ မင်းရောက်မယ် မလွဲ ခရစ်တော်ရဲ့သမီးငယ်