ဝေးနေလို့ – ချစ်ကောင်း

Record Tracklist

  1. ဝေးနေလို့ – ချစ်ကောင်း -:-- / 5:00

VERSE 1
ဆင်ကန်းတောတိုးတဲ့ အဖြစ်မျိုးပေါ့
ထင်ရာစိုင်းပြီးတော့သွားတဲ့ ဘ၀ ဝယ်
အို ကဲ့ရဲ့ချင်သံတွေရယ် ရှုတ်ချသံတွေရယ်
နားနဲ့မဆံ့အောင် အမြဲကြားလို့နေတယ်

VERSE 2
ငိုခြင်းချက်များနဲ့ အဖြစ်မျိုးပေါ့
ဒီနောင်တမရတဲ့ လမ်းလွဲဘ၀၀ယ်
အို တိုက်ခိုက်သူတွေရယ် ထိုးနှက်ဒဏ်တွေရယ်
အပြန်ပြန်နာကျင် လဲကျရပြန်တယ်

CHORUS
ဘာကိုမှ မစဉ်းစား ထင်ရာစိုင်းသွား
ခလုတ်ထိတော့မှ အမိတရင်တောင်
တိုးတိုးလေးရင်ထဲ/အမိကသိပါ့မလား
ဗိမာန်တော်ထက်က ခေါင်းလောင်းသံချို
ကြားတဲ့အခိုက်မှ အသည်းထဲဆို့နင့်သွား
အဖြေရှာ မြင်လိုက်ပြီ သူ့မေတ္တာအရိပ်နဲ့
ဝေးခဲ့လို့လေ ဘဝပျက်ခဲ့တာပဲ

VERSE 3
မျှော်လင့်ချက်မဲ့တဲ့ အဖြစ်မျိုးနဲ့
ရင်ဆိုင်သွားရင်းနဲ့ ဆုံးရှုံးမှုရယ်
အို တွေ့ရပြန်ပါတယ် ဆိုးလွန်းနေပေမယ့်
ကြိတ်မှိတ်လို့လေ ရှေ့ဆက်မိနေတယ်