ခြားနားချက် – Tခမ်းဆိုင်း

Record Tracklist

  1. ခြားနားချက် – Tခမ်းဆိုင်း -:-- / 3:44

တေးရေး-အယ်လ်ဇော်လ

VERSE 1
လူတွေကြံစည်တဲ့ လုပ်ဆောင်ချက် ကြိုးစားသမျှရယ်
တစ်ချိန်မှာ ကမ္ဘာမြေပေါ် မထင်မှတ်ဘဲ ထားခဲ့ရမယ်
ကိုယ်စီပိုင်ဆိုင်တဲ့ အတွေးအခေါ် ဉာဏ်အစွမ်းများနဲ့လည်း
ကြုံလာကြရမယ့် ဒီသေခြင်း တားဆီးမရတယ်

VERSE 2
လူတွေ တီထွင်တဲ့ အစွမ်းအလွန်ထက် ဆေးဝါးများရယ်
ကိုယ်တော်ပြန်ခေါ်ချိန် တန်တော့လည်း အရှုံးပေးရတယ်
အလိုတော်ဝန်ခံရင်း လက်တော်ထဲ ဆက်ကပ်လိုက်တယ်
သတ္တဝါအားလုံးရဲ့ ပိုင်ရှင်ဟာ ဘုရားမြတ်ဖြစ်တယ်

CHORUS
ဒီကမ္ဘာကြီးမတည်သော်လည်း ဘုရားစကားတည်တယ်
ယေရှုဘုရား ယုံသူအား အသက်ရပြီကွယ်
တမလွန်အရေး ဝိညာဉ်လေးအတွက် စိတ်ချစေတယ်
အိမ်တော်မှာ ကိုယ်တော်နဲ့ ဝမ်းမြောက်စွာ ချီးမွမ်း

VERSE 3
ယုံကြည်သူတွေအတွက် ဆန်းကြယ်တဲ့ အခန်းများအသင့်ပဲ
အိုနာခြင်းကင်းမဲ့ ကမ္ဘာမြေနဲ့ ခြားနားလွန်းတယ်
ကြိုဆိုမျှော်နေတဲ့ ကောင်းကင်သား ဝမ်းမြောက်လိမ့်မယ်
ရွှေရောင်အဆင်းအပြည့်နဲ့ ကိုယ်တော်ရဲ့ ဘုန်းတန်ခိုးအောက်ဝယ်