VERSE
ရှာထားလိုက် ရှေးဦးစွာ နောင်ရေးအတွက် အရေးကြီးတာ
နိုင်ငံတော်နှင့်ဖြောင့်မတ်ခြင်းသာ အရာရာတွေထက် ဦးစွာရှာ
ပုံအပ်လိုက် ကိုယ့်အမှုအရာ ကြုံတွေ့မယ့် ရှေ့အသက်တာ
လုံခြုံတဲ့ သခင့်အရိပ်မှာ ခိုလှုံသူအတွက် စောင့်ရှောက်ထား
PRE-CHO
ခရီးဆုံးရဲ့ အစတစ်ဖက်မှာ ထာဝရကာလရောက်တဲ့အခါ
အချိန်လွန်နောင်တမျိုး မကြုံစေဖို့အတွက်ပါ
ရှင်သန်တုန်း ကိုယ့်ဘဝမှာ အသက်လမ်းအဖြေမှန် အသင့်ရှိထား
ဦးစွာရှာထား အသက်ထာဝရ
CHORUS
ရှုာ အချိန်တုန်း ဦးစွာရှာ ခန္ဓာအသက်မခွဲခင်မှာ
ကယ်တင်ခြင်းအတွက် အဖြေမှန် ရှာထားပါ
ကမ္ဘာမြေပြင်ထဲ ကြွလာကာ အသေခံအသွေးသွန်းသူအား
အရှင်သခင်ဖြစ် တွေ့အောင်ရှာ အချိန်ရှိတုန်း ဦးစွာရှာ
BRIDGE
အို တစ်လမ်းတည်းပဲ လမ်းကျဉ်းလွန်းတဲ့
အသက်လမ်းပေါ့ကွယ် အဖြေတွေ့ဖို့အတွက် ရှာထားလိုက်