VERSE 1
နေ့တိုင်း အချိန်တိုင်း သူစောင်မပေးလို့သာ
လှုပ်ရှားရုန်းကန်တဲ့ ဒီဘဝမှာ ခွန်အားများ သူလေ ပေးခဲ့
အိပ်မက်တိုင်း အတွေးတိုင်း သူစောင့်ရှောက်ပေးလို့သာ
မက်ခဲ့ရတဲ့ အတွေးပေါင်းများစွာ
မမှားယွင်းစေဘဲ အသက်ဆက်စေခဲ့
CHORUS
ကိုယ်တော်ရဲ့ ကျေးဇူးများစွာ မတန်ဘဲ ရရှိလိုက်ပြီ
မခန့်မှန်းနိုင်တဲ့ ကောင်းကြီးတွေနဲ့
အရာရာဟာ ကျေးဇူးတရားနဲ့ ပေါင်းစပ်ဖွဲ့စည်းထား
နွေ မိုး ဆောင်း အခမဲ့တွေပဲ
အို ဘယ်လိုများ ပေးဆပ်မှာလဲ
ကျေးဇူးတော်ကို ချီးမွမ်းရုံပေါ့
VERSE 2
မနက်တိုင်း ညတိုင်း သူစောင်မပေးလို့သာ
လှုပ်ရှားရုန်းကန်တဲ့ ဒီဘဝမှာ ခွန်အားများ သူလေ ပေးခဲ့
စိတ်ကူးတိုင်း ဆန္ဒများ သူဆောင်ရွက်ပေးလို့သော
စိတ်ကူးများ ဆန္ဒများဟာ သူ့ကြောင့်ပဲ ငြိမ်းချမ်းသွားပြီ