VERSE 1
တလောကလုံးအချစ်နဲ့ ဖွဲ့စည်းထားရာ
သူ့ရဲ့အချစ်နဲ့ နှိုင်းစကြည့်ရင် ရှုံးနိုင်တယ်
ကယ်တင်ရာသူ့အချစ် ကမ္ဘာကြီးထဲ
ကရာနီကုန်းထက် မေတ္တာရယ်
VERSE 2
တလောကလုံးရဲ့ အလှများ ဖွဲ့စည်းထားရာ
လောကကြီး နှိုင်းတုကြည့်ရင် ရှုံးနိုင်တယ်
ကဗျာစာတွေဖွဲ့လည်း မမှီတဲ့အချစ်ရယ်
ပြန်လည်ကာ တွေးကြည့် ရူးနိုင်တယ်
PRE-CHO
တစ်ပါးတည်းသားတော်ကို စွန့်ကာ လောကသားတွေအတွက်
ပျက်စီးခြင်းဘေး ဒီသံသရာထဲ
လောကသားတွေအတွက် ယဇ်ပလ္လင်ထက်မှာ
လည်တွေပြန်ကာ ပေးဆပ်မယ် ဒီအချစ် ဟေး
CHORUS
စတေးခဲ့သူအတွက် ရင်ထဲ အရူးအမူးတွေ စွဲလန်းနေ
ဖြူစင်စွာအချစ်တွေအတွက် နှလုံးသားလေး ရိုးသားချင်တယ်
ဟား ပေးချင်ရဲ့ သခင်လိုရင် ဘဝအားလုံးယူပါ
ဒီကမ္ဘာကြီးထဲမှာ ပြန်ပေးဆပ်လို့တော့ မရတော့ပြီပဲ