တေးရေး – D. ထဲလ်ဒီ
VERSE 1
နှုတ်ကတော် စုံလင်ခြင်း ရွက်နုတွေ ဝေလာတုန်း
သခင်ဟာမိန့်မှာခဲ့တယ် နွေအချိန်ရောက်ပြီ
လောကမှာ မြင်နေသမျှ ထိတ်လန့်စရာ ကမ္ဘာအနှံ့
တကယ်ကို အဆုံးသတ်ရောက်ပြီ ထိုနိမိတ်များ
CHORUS
ကမ္ဘာမြေ အမှောင်မိုက်ဆုံးအဖြစ် ရောက်လို့လာနေပြီ
ဝိညာဉ်ဆီမီးများ ထွန်းညှိကို ကိုယ်စီ
သမ္မာသတိထားလို့ အသင့်ရှိပါ
ချီဆောင်ချိန် ခရစ်တော် လျှပ်တပြတ်လာမှာ
BRIDGE
လက်တွေ့ဘဝကသက်သေပါ ကြုံလာတော့မှ နောက်ကျနေမယ်
ထာဝရခရီး ဝေးလို့နေမယ် ထိုအရှင်ခရစ်တော်သည်
တံခါးဝရောက်နေပြီ
ENDING
နှုတ်ကတော် စုံလင်ခြင်း ရွက်နုတွေ ဝေလာတုန်း
လောကမှာ မြင်နေသမျှ ထိတ်လန့်စရာ ကမ္ဘာအနှံ့