တေးရေး – D. ထဲလ်ဒီ
VERSE 1
သင်သည် ခရစ်တော်၏ စီးသော သွေးစမ်းကို သောက်သုံး၏
ဆာလောင်ခြင်း သင့်ဘဝမှ ငြိမ်းပြီလား
သင်သည် ခရစ်တော်၏ ခန္ဓာ အသက်မုန့်ကို မှီဝဲ၏
ဆာလောင်ခြင်း မွတ်သိပ်ခြင်း ငြိမ်းပြီလား
တည်စရာ ခွန်အားနဲ့ ပြည့်ပြီလား
CHORUS
သခင့် ဝမ်းနည်းမဆုံး မျက်ရည်များ
အို စီး စီးကျတဲ့ မျက်ရည်များ
ပြုမြဲသဘောနဲ့ အနှစ်မဲ့ အို အစဉ်အလာ
အသွေးအသား အဖိုးအခ မသိတဲ့ အိုလူသား
VERSE 2
သခင်သည် ဤမုန့်ကား ငါ၏ ကိုယ်ခန္ဓာပင်ဖြစ်၏
ထိုခန္ဓာ၏အခကို နားလည်လား
သခင်သည် ဤခွက်ကား သွန်းသော ငါ့အသွေးပင် အို ဖြစ်၏
လူအများတို့၏ အပြစ်လွတ်စေရာ
ဆိုစကား သင့်နှလုံးသား သိရဲ့လား