VERSE 1
ဖြောင့်သောလမ်းသို့ လိုက်သောသည် ဘေးလွတ်လိမ့်မည်
ကောက်သောလမ်းသို့ လိုက်သောသူသည် ချက်ချင်းလဲလိမ့်မည်
ထာဝရဘုရားရဲ့ သမ္မာကျမ်းစကားကို မသင်ယူ နားမထောင်ဘဲ
အလိုတော်အတိုင်းပဲစွန့် စာတန်လွှမ်းမိုးရာ ကမ္ဘာလေးပါပဲ ခိုနားတော့မလား
VERSE 2
ငွေကိုဖြုန်းပြီးလို့ အပယ်ခံဘဝရောက်မှ နောင်တနဲ့အတူ
ခြေတော်ရင်းသို့ တိုးဝင်ချဉ်းကပ်ကာ ခိုနားခွင့်တောင်းခဲ့လို့
ထာဝရဘုရားရဲ့ ရင်ခွင်ငွေ့အောက်ကို ခိုဝင်နားသူအပေါင်း
ငြိမ်သက်မှုများနဲ့ ပျော်ရွှင်ဝမ်းမြောက်စွာ နေထိုင်အသက်ရှင်ဖို့ အခွင့်ပေးလိမ့်မယ်
CHORUS
အမှောင်လမ်းလေး စွန့်ပစ်ကျောခိုင်းကာ အို ချစ်သားရယ်
သခင့်ရဲ့အလို ဝန်ခံကာ ကိုယ်တော်ရှင်နိုင်ငံအတွက်လေ
အသက်ပေးပြီး အသွေးနဲ့ရွေးနှုတ်ကာ ကယ်တင်မူခဲ့တယ်
ယေရှုမေတ္တာ ဒီနေရာက သက်ဆုံးသည့်တိုင် ကိုးစားယုံကြည်