VERSE 1
တစ်နေ့ထက်တစ်နေ့ ဝမ်းရေးအတွက်
လောင်မြိုက်ရင်းနဲ့ ဘဝအဆုံးသတ်မလား
ဘုရားအရိပ်ကို ခိုနားဖို့ မစဉ်းစားဘူးလား
အငယ်ဆုံးသောသူကို ပြုစုပါမိတ်ဆွေရယ်
VERSE 2
မိုက်ပြစ်များအတွက် ပေးဆပ်ဖို့အရေး
ဘုရားကျောင်းဝ၍ မင်းမပျော်မလား
ဘုရားအချစ်ကို နားမလည်သေးဘူးလား
ဆင်းရဲသောသူကို ပြုစုပါ မိတ်ဆွေရယ်
CHORUS
အံ့သြဘွယ် ဘုန်းတန်ခိုးတော် ပြသနေတယ်
ထိမိ၍ လဲသွားစရာ ဖြစ်နေခဲ့လား
နှုတ်ကပတ်တော်ဖတ်၍ ခွန်အားယူပါ
ကိုယ်တော်ရှင်ပေးခဲ့တာ ငြိမ်သက်ခြင်းတွေပဲ
VERSE 3
အားလုံးကောင်းမွန်အရေး စွန့်လွှတ်ရဲတယ်
သွေးသွန်းခဲ့တဲ့ တစ်ယောက်သောသူတောင်
ကြားဖူသူ တစ်ယောက်မှ မရှိဘူးလား
နားရှိသောသူက ကြားရမယ် မိတ်ဆွေရယ်