တေးရး – ဗစ်ထရီမူး
VERSE 1:
ဘဝရဲ့ခရီးဟာ တကယ်ကို ကြမ်းတမ်းတယ်
မောပန်းခဲ့ပြီ ဒီလို နှလုံးသားလေး
အို ဘယ်လိုများ လန်းဆန်းပါ့မလဲ
VERSE 2:
မျှော်လင့်ချက်များနဲ့ ရင်ဆိုင်ခဲ့သမျှရယ်
ဆုံးရှုံးရပြီ ဒီလို နှလုံးသားလေး
အို ဘယ်လိုများ ဖြည့်ဆည်းရမယ်
တကယ်လည်းမတတ်နိုင် ရင်မှာ အရှုံးနဲ့ကွယ်
CHORUS:
မောပန်းလွန်းတဲ့ နှလုံးသားလေးအတွက် စမ်းရေအေး
သူပေးလို့နေတယ်
ဆုံးရှုံးရတဲ့ ဒို့ဘဝများအတွက် ပြည့်စုံဖို့
ဖြည့်ဆည်းပေးနေမယ်
ယေရှုခရစ်တော် ခေါ်ဖိတ်လို့နေ နားထောင်ပါဦး
ဝန်လေးသောသူ ခေါ်ဖိတ်တဲ့အသံ နားထောင်လိုက်ဦး