တေးရး – SNO
VERSE 1:
စောင့်နေရရင် လူတွေဟာ စိတ်မရှည်ကြဘူး
ဖြစ်လာမှာ ကြိုတွေးကြောက်တတ်တာ လူတွေရဲ့စိတ်ကူး
ဒုက္ခ သုခတွေထဲ စီးမျောလို့နေခဲ့တယ်
ပြန်လာမှာကို သိနေသားပဲ စောင့်မနေချင်ဘူး
မေတ္တာပွားပါ တောင်းဆုပြုပါ ဒါကို မမေ့သင့်ဘူး
ဒို့ရဲ့ကမ္ဘာကြီးတစ်ဘက်မှာ ဘာတွေရှိဦးမလဲ
CHORUS:
ပြန်လာချိန် နီး နီးနေပြီ
မျှော်လင့်လျက် စောင့်ဆိုင်းကြလော့ သတိနဲ့ စောင့်ဆိုင်းကြ
ပြန်လာချိန် နီး နီးနေခဲ့ပြီ
ချီဆောင်ချိန် နီးလို့လာပြီ
VERSE 2:
လောကီရေးရာကိစ္စတွေမှာ နားရတယ်မရှိဘူးလို့
အကြောင်းပြချက်တွေ အမျိုးမျိုးပေးကာ ရှောင်မနေသင့်ပါဘူး
အိပ်မက်စိတ်ကူးတွေနဲ့ စီးချင်းထိုးနေကြတယ်
တစ်ချို့တစ်ချို့သော အသေးအဖွဲများဟာ အရေးပါလို့နေတော့
လူသားမှာရှိတဲ့ စိတ်နဲ့ခန္ဓာ ရှင်းရခဲ့ပြီပေါ့
အလင်းနဲ့အမှောင်နဲ့ကြားမှာ အမှန်အကန်ကို ရွေးချယ်
ENDING:
(နောက်ဆုံးအချိန် နောက်ဆုံးသောနေ့ရက်
နောက်ဆုံးသော အခွင့်အရေးတွေ/လေး)၂