တေးရး – အာနော
VERSE 1:
ရင်မှာအပြုံးမျက်နှာနဲ့ တစ်မြေဆီခြားနားသော်လည်း
အို ရွက်လွင့်လို့သာ ခရီးနှင်လာခဲ့ပြီ
ဝိညာဉ်အလင်းနေသော မြန်မာပြည်ကြီးအတွက်
အရာရာစွန့်လွှတ်ရင်းနဲ့ သူပေးဆပ်လာခဲ့ပြီ
VERSE 2:
ကြိုတင်မမှန်းဆနိုင်သော ရင်မှာ ခါးသီးမှုတွေအား
ကြိတ်မှိတ်ရင်းနဲ့ ဆုပန်ခြွေခဲ့တယ်
ရင်မှာ ပြည့်နှက်နေသော ဝမ်းမြောက်ခြင်းသတင်း
စုဝေးထားရာ ရွှေမြန်မာပြည်သစ်
CHORUS:
ကိုယ်တော်နဲ့နီးစေပြီ ဝိညာဉ်အသီးများ
ကိုယ်တော်အတွက်သာ မဟုတ်ခဲ့ရင်လေ
ဝမ်းမြောက်လို့ မဆုံးနိုင်ပြီ ဝိညာဉ်အသီးများ
ခရစ်တော်အတွက်သာ မဟုတ်ခဲ့ရင်လေ
TALK:
ဆရာယုဒဿာန်ဟာ ဘုရားရှင်ရူပါရုံထားရာ
ဒီမြန်မာပြည်အတွက် ဝိညာဉ်မျိုးစေ့တွေကို ကြဲသွားခဲ့ပါတယ်
သူ့ရဲ့ရင်ကို ကြည်နူးစေခဲ့သလို ဘုရားရှင်ရဲ့ရင်ခွင်တော်
ဘုရားရှင်ရဲ့အတောင်တော်အရိပ်အောက်မှာ
ပြုံးရွှင်ကြည်နူးနေမှာ ဧကန်အမှန်ပါပဲ