တေးရး – အားနော
VERSE 1:
လောကကြီးကို ဘုရားရှင်ဖန်ဆင်းထားတယ်
အလုံးစုံသောအရာများ သာယာပြည့်စုံနေ
ရှေ့မှာ ရောင်နီအလင်း နွေးထွေးမှုကို သူပေးနေ
မိုးထက်တိမ်တိုင်များ ပန်းချီကားအလား ရှုညီးလို့မဆုံးနိုင်ပြီ
VERSE 2:
တစိမ့်စိမ့်စီးဆင်းအေးမြ ရေစီးတွေ
ပင်လယ် မြစ်ချောင်း အင်းအိုင်ပြည့်လျှံ သူ့လက်ရာ
တောတောင်အသွယ်သွယ်နဲ့ လျှိုမြောင်အလှတွေ နက်ရှိုင်းကာ/ထား
မိုးသားတိမ်ညိုမဲလာ ရွာသွန်းဖြိုး ကမ္ဘာတစ်ခုလုံး စိုပြေသွား
CHORUS:
ထာဝရဘုရားကိုလေ ချီးမွမ်း
ဂုဏ်တော်သီချင်းသစ်လွင်လို့ သီကျူးမယ်
ငြိမ်းချမ်းဖို့အတွက် ကမ္ဘာတည်စေဖို့
ဒို့အားလုံး ပါဝင်ရိုင်းပင်း အစေခံမယ်