တေးရး – ဝိုင်ယာ
VERSE:
ကြမ်းတမ်းတဲ့ နေ့ရက်များနဲ့ လျှောက်ခဲ့ရတဲ့ချိန်တွေများစွာ
အတ္တရဲ့လှောင်ချိုင့်ထဲက ရုန်းထွက်ဖို့အတွက် အစွမ်းတွေမရှိဘူး
ရှုပ်ထွေးတဲ့ ဦးနှောက်တွေကို ဆေးကြောဖို့အတွက် အဖြေကိုလိုက်ရှာ
နောက်ဆုံးတော့ စိတ်ဓါတ်ကျလို့ ခေါင်းငိုက်စိုက်ရင်း အိမ်ကိုပြန်ခဲ့
PRE-CHO:
ဗီရိုထဲထည့်သိမ်းထားတဲ့ ဒီသမ္မာကျမ်းစာ/ကို
မထင်မှတ်ဘဲ သတိရလို့ရယ် ဖွင့်ဖတ်နေခဲ့
ဒီအချိန်ဘုရားမြတ် နှုတ်ကပတ်တော် ရင်ကိုရိုက်ခတ်
ဇာတိနဲ့ လျှောက်ခဲ့တဲ့ အချိန်ကိုနှမြောနေခဲ့
CHORUS:
ကိုယ်တော်ရယ် ဖေးမလမ်းပြမူပါ ကိုယ်တော်ရယ် အပြစ်လွှတ်ခြင်း အခွင့်ကိုပေးပါ
မှောင်နေသော ကျွနု်ပ်အတွက် လမ်းစအလင်းသစ်ကို ဘုရားရဲ့အလိုအတိုင်း
အစဉ်သာထွန်းလင်းပေးလှည့်ပါဘုရား နိုင်ငံတော်တည်ထောင်ချိန်မှာ
အပြစ်သား ကျွန်တော်မျိုးကို အောက်မေ့မူပါ