တေးရး – စတုန်း
VERSE 1:
ဘာမှလည်း အရာမဝင်တဲ့ မာနတွေ
အစဉ်သာမွေး နှိမ့်ချခြင်းတွေ မရှိနိုင်တဲ့အခါ
နူးညံ့သော အကြင်နာများ လူသားတွေကို မပေးနိုင်
ဒီဘဝဟာ တကယ် ရှက်စရာပါ
VERSE 2:
အတောင်ကျိုးခဲ့အချိန်မှာတော့ မာန်လျှော့ပြီး
ဘယ်မှာလဲ ကိုယ့်ရဲ့အစွမ်း ကိုယ်မကိုးကွယ်ဝံ့ပါ
ကြီးမြတ်သော ကြင်နာတရား လူသားတွေရဲ့အကြားမှာ
ကိုယ်တွေ့လာ တကယ်မေတ္တာပါ
CHORUS:
ငါသည် သင့်အား စွန့်ပစ်၍မထား
သင်နှင့်အတူ ငါရှိမည်ဆိုတဲ့
ခံယူရဲရင့် လိုက်လျှောက်ဖို့ ခွန်အားများပေးပါ ဘုရား
အပြစ်များသူ လူတစ်ယောက်ရဲ့တောင်းဆုများ
VERSE 3:
နောင်တနဲ့ နေဝင်မယ့်အချိန်များကို
ပယ်ကာရှားသွားနိုင်ဖို့ အစဉ်အားများ ပေးသနားပါ
ရှေ့ဆက်ခရီး လူတွေအတွက် ထိလဲစရာဖြစ်မသွားအောင်
အရှင်ဘုရားရယ် စောင့်ထိန်းမူပါ